“SOFT” Analysis

စီးပွားရေးနယ်ပယ်ထဲမှာ SWOT Analysis ဆိုရင် မသိသူတော်တော်ရှားပါတယ်။ လုပ်ငန်းတွေရဲ့ အားသာချက် (Strength)၊ အားနည်းချက်(Weakness)၊ အခွင့်အလမ်း (Opportunity) နဲ့ ခြိမ်းခြောက်မှု (Threat) တို့ကို လေ့လာတာကို အတိုကောက် SWOT Analysis ဆိုပြီး ခေါ်ကြတာပါ။ တကယ်တော့ SWOT Analysis ဆိုတာဟာ SOFT Analysis ကနေ ပြောင်းလဲလာတာဖြစ်ပြီး အမေရိကန် စီးပွားရေးနဲ့ စီမံခန့်ခွဲမှုအကြံပေးပညာရှင် Albert Humphrey က (၁၉၆၀-၁၉၇၀) ဝန်းကျင်လောက်မှာ လုပ်ငန်းပေါင်း (၁,၁၀၀)ကျော်က အမှုဆောင် (၅,၀၀၀)ကျော်ကို အင်တာဗျူးကာ SOFT Analysis ကို စတင်သိရှိခဲ့တာဖြစ်ပါတယ်။

SOFT ရဲ့ အနက်အဓိပ္ပါယ်က ဒီလိုပါ။

လက်ရှိကာလမှာ ကောင်းမွန်တဲ့ အနေအထားဆိုရင် Satisfactory …
အနာဂါတ်မှာ ကောင်းမွန်နိုင်မယ့် အနေအထားဆိုရင်
Opportunity …
လက်ရှိကာလမှာ ဆိုးရွားတဲ့ အနေအထားဆိုရင်
Fault …
အနာဂါတ်မှာ ဆိုးရွားနိုင်မယ့် အနေအထားဆိုရင်
Threats …

နောက်ပိုင်းမှာ
Fault ကို ပိုပိုချောမွေ့တဲ့ အခေါ်အဝေါ်အဖြစ် Weakness လို့ပြောင်းပြီး
Satisfactory ကို ပိုမိုအားကောင်းတဲ့ အခေါ်အဝေါ်အဖြစ် Strength လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ရာကနေ
SWOT Analysis ဆိုပြီး ဖြစ်လာခဲ့ကာ ယခုချိန်ထိ တွင်ကျယ်စွာ အသုံးပြုနေတာပဲ ဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on linkedin
Share on email