Management Or Art (Part 2)

Roles of Manager & Decision Making Process
Part 1 မှာ Management အကြောင်းတွေ၊ Management Level ၃ဆင့်အကြောင်းတွေ၊ Management Skill အကြောင်းတွေ ကို အကျဉ်းချုံ့ တင်ပြပြီး ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ လုပ်ငန်းတွင်း Manager တွေရဲ့ အခန်းကဏ္ဍတွေ၊ Manager တိုင်း ရှောင်လို့ မရတဲ့ Decision Making Process အကြောင်တွေကို တင်ပြမှာပဲ ဖြစ်ပါတယ်။ Manager တွေရဲ့ အခန်းကဏ္ဍဆိုတာမှာ ကဏ္ဍပေါင်း ဆယ်မျိုးရှိပြီး အမျိုးအစားအနေနဲ့ ၃မျိုးခွဲ ထားတာပဲ ဖြစ်ပါတယ်။ ၎င်းအမျိုးအစား ၃မျိုးမှာ

1.Inter Personal Role(ပေါင်းသင်း၊ ဆက်ဆံ၊ ပြောဆိုသော ကဏ္ဍ)

-Figure head (ပွဲများသို့ လုပ်ငန်းကိုယ်စားပြု တက်ရောက်ခြင်း၊ လုပ်ငန်း ကိုယ်စားပြု ပြောဆိုခြင်း)
-Leader (လုပ်အောင်ငယ်သားများ စိတ်အားတက်ကြွစေရန် ဆောင်ရွက်ပေးခြင်း၊ လက်အောက်ငယ်သားများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးခြင်း)
-Liason (လုပ်ငန်း၏ အကျိုးအတွက် ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း၊ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခြင်း)

2.Informational Role (သတင်းအချက်အလက်ဆိုင်ရာ ကဏ္ဍ)

-Monitior (လုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ရှာဖွေခြင်း၊ လက်ခံရယူခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း)
-Disseminator (လုပ်ငန်း၏ သတင်းအချက်အလက်များကို လုပ်ငန်းတွင်းတစ်ခုလုံး သိရှိစေရန် ဖြန့်ဝေရခြင်း)
-Spokesperson (လုပ်ငန်းတွင်း သတင်းအချက်အလက်များကို ပြင်ပသို့ ထုတ်ပြန်ခြင်း)

3.Decisional Role (ဆုံးဖြတ်ချက် ချမှတ်ရခြင်း ကဏ္ဍ)

-Entrepreneur (ပြဿနာများ နှင့် အခွင့်အလမ်းများ ရှာဖွေ၍ အသုံးချခြင်း)
-Disturbance Handler ( လုပ်ငန်းတွင်း အချင်းချင်းဖြစ်စေ ၊ လုပ်ငန်း နှင့် ပြင်ပ အဖွဲ့အစည်းကြားမှ ဖြစ်စေ ပဋိပက္ခ များကို ဖြေရှင်းခြင်း)
-Resource Allocator (အကန့်အသတ်နှင့်ရှိသော အင်အားစုများကို အကောင်းဆုံး အသုံးချခြင်း ဖြစ်စေရန် ခွဲဝေခြင်း)
-Negotiator (လုပ်ငန်းပြင်ပ အဖွဲ့အစည်းများ နှင့် ဖြစ်စေ၊ အစိုးရအဖွဲ့ အစည်းများနှင့် ဖြစ်စေ ၊ အခြား တတိယအဖွဲ့အစည်းများနှင့် ဖြစ်စေ ညှိနိုင်းပြောဆိုခြင်း) တို့ပဲ ဖြစ်ပါတယ်။

ဒီကဏ္ဍတွေဟာ Manager တွေအနေနဲ့ Management လုပ်ဆောင်ချက်များနှင့် အတူတွဲ၍ လုပ်ဆောင်ရမဲ့ ကဏ္ဍတွေပဲဖြစ်ပါတယ်။
နောက်ထပ်ဖော်ပြပေးချင်တာက Manager တိုင်းပြုလုပ်ရမဲ့ Decision Making မှာ အမှားအယွင်း နည်းပါးအောင် ကူညီပေးမဲ့ Process တွေပဲ ဖြစ်ပါတယ်။ Decision Making Process ဟာ အဆင့် (၉) ဆင့် နဲ့သွားပါတယ်။

1.Identifying Objective (ဆုံးဖြတ်ချက် ချမဲ့သူတွေဟာ မိမိဆုံးဖြတ်ချက်ချရမဲ့ ကိစ္စ ကို ရှင်းရှင်လင်းလင်း လုပ်ဖို့ လိုပါတယ်။ မိမိ ဆုံးဖြတ်ချက်ချရမဲ့ ကိစ္စရဲ့ လိုအပ်ချက်ကို မသိရင် ချမှတ်မဲ့ ဆုံးဖြတ်ချက်ဟာလည်း မှန်ကန်မှာ မဟုတ်ပါဘူး။)

2.Define The Problem Or Issue ( မိမိ ဆုံးဖြတ်ရမဲ့ ကိစ္စကို သိပြီးတဲ့ အခါမှာ ကိစ္စကို အဓိပ္ပါယ် သတ်မှတ်ရမှာပါ။ မိမိရဲ့ ပြဿနာဟာ
ဘယ်အမျိုးအစားဖြစ်တယ် တိုတာကို သိအောင် လုပ်ခိုင်းတဲ့ သဘောပါ။ ဥပမာ -အမြတ်နည်းတာလား။ ကိုယ့် ထုတ်ကုန်တွေ ခဏ ခဏ အငြင်းခံနေရတာလား ဒါမျိုးပါ။)

3.Collect Data (နောက်တစ်ဆင့်ကတော့ ကိုယ်ချမှတ်ရမဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရပါမယ်။)

4.Analyse Data And Identifying Constraints ( နောက်တစ်ဆင့် မှာတော့ ရရှိထားတဲ့ အချက်အလက်တွေကို ဆန်းစစ်ရမှာ ဖြစ်ပြီး ကိုယ့်မှာရှိတဲ့ အကန့်အသတ်တွေကို ရှာဖွေထားရပါမယ်။ ဒါမှ ကိုယ်ဆုံးဖြတ်ချက်ချတဲ့အခါ ကိုယ့်လုပ်နိုင်စွမ်းကို ကျော်လွန်ခြင်းမရှိမှာ ဖြစ်ပါတယ်)

5.Identify Alternative Courses Of Action( နောက်တစ်ဆင့်ကတော့ ကိုယ့်မှာရှိတဲ့ အရာတေါကို အခြေခံပြီး ပြဿနာကို ဖြေရှင်းလို့ရမဲ့ နည်းလမ်းတေါကို ရနိုင်သလောက် ရှာဖွေရမှာပဲဖြစ်ပါတယ်။ ဒီအဆင့်ဟာ နည်းလမ်း ရှာဖွေရုံအဆင့်ပဲ ရှိသေးတယ်ဆိုတာတော့ သတိထားရပါမယ်။)

6.Evaluation(အရင် အဆင့်အဆင့်က ရှာဖွေထားတဲ့ နည်းလမ်းတွေကို အပြန်ပြန် အလှန်လှန်သုံးသပ်ရပါမယ်။ဘယ်နည်လမ်းကတော့ဖြင့် ပိုပြီးအဆင်ပြေနိုင်တယ်။ ဘယ်နည်းလမ်းကတော့ဖြင့် အကျိုးအမြတ်ရနိုင်တယ်။ ဘယ်နည်းလမ်းကတော့ဖြင့် ကုန်ကျစရိတ်သက်သာနိုင်တယ် အစရှိသည်ဖြင့် သုံးသပ်ရမှာပါ။ )

7.Selection (အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးရင်တော့ အောင်းဆုံးဖြစ်မဲ့ နည်းလမ်းတစ်ခုကို ရွေးရပါမယ်။)

8.Implementation(ရွေးချယ်ပြီးသွားတဲ့ နည်းလမ်းတစ်ခုကို စတင် အကောင်အထည်ဖော်တဲ့ အဆင့်ပါ။)

9.Monitoring And Evaluation (အကောင်အထည်ဖော်တဲ့ အပိုင်းရောက်ရင်တော့ အကောင်အထည်ဖော်နေခြင်းကို စောင့်ကြည့်ပြီး ထိန်းချုပ်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် အလွဲလွဲ အချော်ချော်ဖြစ်ပြီး ဒုက္ခရောက်ပါလိမ့်မယ်။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ စောင့်ကြည့်ရုံတင်မက သုံးသပ်မှုလည်း လုပ်ရပါတယ်။ ဒါမှသာ လုပ်ဆောင်ချက်တွေရဲ့ အမှားအမှန်ကို ခွဲခြားနိုင်မှာ ဖြစ်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်နိုင်ပါလိမ့်မယ်)

Share on facebook
Share on twitter
Share on linkedin
Share on email