Customer-centric ဆိုတဲ့ စားသုံးသူဗဟိုပြု ဈေးကွက်ဗျူဟာ

စားသုံးသူတွေအဖို့ ရွေးချယ်စရာများလာတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကြီးထဲမှာ ကိုယ့်ရဲ့ စားသုံးသူ (ဖောက်သည်)တွေကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ စားသုံးသူကိုဗဟိုပြုတဲ့ ဈေးကွက်ဗျူဟာနဲ့မှ ရမယ်ဆိုတာ အတော်များများသိထားပြီးသားပါ။ ဒါပေမယ့် စားသုံးသူကို ဗဟိုပြုတဲ့ ဈေးကွက်ဗျူဟာဆိုတာ ဘာလဲဆိုတာ မြင်သာအောင် ဖွင့်ဆိုရမယ်ဆိုရင် Amazon.com ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Jeff Bezos ရဲ့ စကားကို ရည်ညွှန်းချင်ပါတယ်။

“စားသုံးသူကို ဗဟိုပြုတဲ့ ဈေးကွက်ဗျူဟာ ဆိုတာ အချက်သုံးချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်။
(၁) ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့ ဖောက်သည်၊ စားသုံးသူတွေကို သူတို့ဘာတွေ လိုချင်လည်း၊ ကိုယ့်ဆီက ဘာတွေမျှော်လင့်ထားသလဲဆိုတာ မေးရပါမယ်။ ပြီးရင် ဒါတွေကို သူတို့ကို ဘယ်လိုနည်းတွေနဲ့ ထိထိရောက်ရောက် ဖြစ်အောင် ပေးမလဲ အဖြေရှာ၊ ရောက်အောင်ပေးရပါမယ်။ စားသုံးသူရဲ့ မျှော်လင့်ချက်တွေ၊ လိုအင်တွေကို သိဖို့သူတို့ကို မေးဖို့လိုပါတယ်။
(၂) တခါတရံမှာ စားသုံးသူဆိုတာ သူတို့ ဘာတွေ လိုအပ်သလဲ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ ဘာတွေလဲဆို တာ သူတို့ကိုယ်တိုင် သိဖို့ခက်ခဲနေတတ်ပါတယ်။ ဒါကို မေးတဲ့အခါ တိကျတဲ့ အဖြေရဖို့အတွက် မေးပုံမေးနည်း ဗျူဟာကို ပိုင်နိုင်ကျွမ်းကျင်ဖို့လိုပါမယ်။
(၃) နောက်တစ်ချက်က အင်တာနက်ခေတ်မှာ စားသုံးသူတွေရဲ့ အဓိကလိုချင်တဲ့ အချက်က တစ်ဦးချင်းစီ အတွက် သီးသန့်ဝန်ဆောင်မှု (Personalization) ပေးတာပါ။ ဒါကို သဘောပေါက်ထားတဲ့ရင် သူတို့တစ်ဦးချင်းစီအလိုက် ကြိုက်တဲ့အရောင်တွေ မေးထားပြီး သူတို့အွန်လိုင်းပေါ်ဝင်လာတဲ့အခါ သူတို့ကြိုက်တဲ့ အရောင်လေးတွေနဲ့ စတိုးကို အလှဆင်ထားလို့ရပါတယ်”
လို့ Jeff Bezos က ဆိုထားပါတယ်။

Amazon.com ဟာ B2C (Business to Consumer) စီးပွားရေးလုပ်ငန်းကနေ စားသုံးသူကို တိုက်ရိုက်ရောင်းချတဲ့ အွန်လိုင်းစတိုးမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on linkedin
Share on email